သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ်

Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။

စစ်အာဏာသိမ်းမှု စတင်ချိန်တွင် သူမ၏ဘ၀တွေ ဇောက်ထိုးမိုးမျှော် ဖြစ်တော့သည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲပြဿနာများကို သူမ ကောင်းကောင်းနားလည်ထားသည်။ ထို့ကြောင့် ဆန္ဒပြပွဲများကို အားသွန်ခွန်စိုက်ပါ၀င်ရင်း သူမ ရှာဖွေစုဆောင်းထားသမျှကို နွေဦး တော်လှန်ရေးအတွက် ပုံအောခဲ့တော့သည်။

ဆရာမသော်ဟာ လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးကို အားသွန်ခွန်စိုက် ပါ၀င်နေသော၊ လေးစားထိုက်သော သူတစ်ဦးဖြစ်သည့်အပြင်

သာမန်အမျိုးသမီးတစ်ဦးအတွက် မတွေးဖူးမကြုံဖူးလောက်တဲ့ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရင်း တော်လှန်ရေးခရီးကို ရှေ့ဆက်နေသော သူမရဲ့ ခိုင်မာတဲ့ ခံယူချက် အတွေ့အကြုံတွေဟာ ကျတော်တို့ကိုတောင် ပါးစပ်အဟောင်းသား ဖြစ်စေရပါတယ်။

ဆရာမသော်ဟာ သူမရဲ့မျိုးဆက်တခုစာ တာ၀န်ပျက်ကွက်မှုကြောင့် လက်ရှိလူငယ်တွေ အသက်တွေရင်းနေရတယ်လို့ ခံယူထားသူတစ်ဦးဖြစ်ပြီး သူမအသက်ရှင်နေသမျှကာလပတ်လုံး တော်လှန်ရေးအပေါ် အကောင်းဆုံး ကြိုးစားကူညီနေသော အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

ကင်ဆာရောဂါခံစားနေရသော သားငယ်အတွက် အချိန်ပေးဖို့ရာ တော်လှန်ရေးကို သွေဖယ်ရမှာ ကြောက်မိတဲ့သူမဟာ နောက်ဆုံးမှာ တော်လှန်ရေးကိုပဲ ရွေးချယ်ခဲ့တဲ့ သူမ။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျသည့်အပြင် အမေစုကဲ့သို့ စွန့်လွတ်ခြင်းမျိုးကို ရွေးချယ်ခဲ့တဲ့ သူမအကြောင်း၊ တော်လှန်ရေးအပြီးသတ်မနိုင်ခင် တက်မထောင်ဘဲ နိုင်ရာတာ၀န်ကို ဝိုင်းထမ်းကြဖို့ မျက်ရည်တွေကြားကနေ ပြောပြခဲ့တဲ့ သူမအကြောင်းကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast မှာ နားဆင်နိုင်ပြီဖြစ်ပါသည်။

Podden och tillhörande omslagsbild på den här sidan tillhör Insight Myanmar. Innehållet i podden är skapat av Insight Myanmar och inte av, eller tillsammans med, Poddtoppen.