Avsnitt Episode #31: ဦးဂမ်ဘီယာနှင့် ရွှေဝါရောင်တော်လှန်ရေး Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) Spela Dela
၂၀၀၇ ဩဂုတ်၊ စက်တင်ဘာ လများတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဥူးဂမ်ဘီရ။ ငယ်ရွယ်စဉ်ကတည်းက စစ်အာဏာရှင်၏ ဆ်ိုးသွမ်းရက်စက်မှုကို စာအုပ်စာပေမှတဆင့် ကိုယ်တွေ့ကြုံရပြီး ရဟန်းဘ၀မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ။ ဘာသာ သာသနာကို ခုတုံးလုပ်တတ်သော စစ်အာဏာရှင်၏ ကြောင်သူတော်မျက်နှာဖုံးကို ခွါချပေးနိုင်ခဲ့သောသူ။ ပြည်သူလူထု၏ အခက်အခဲနှင့် ဆင်းရဲမွဲတေမှု မြစ်ဖျားခံရာသည် စစ်အာဏာရှင်စနစ်ဖြစ်သည်ကို ပိုမိုထင်ရှားအောင် ထောက်ပြပေးနိုင်ခဲ့သော ရွှေဝါရောင် အရေးအခင်း၏ ဦးဆောင်သူ ဥူးဂမ်ဘီရ။ လက်ရှိ နွေဦးတော်လှန်ရေးအပေါ် နိုင်သမျှ ၀န်ထမ်းရင်း သူ၏အတွေ့အကြုံ၊ သုံးသပ်ချက်၊ ဘ၀ဖြတ်သန်းမှုများကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်မှ ဆက်သွယ်မေးမြန်းထားသည်ကို အပိုင်း ၃၁ တွင် နားဆင်နိုင်ပြီဖြစ်ပါသည်။ Rss Apple Podcaster →