လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ စိတ်အားထက်သန်သူ၊ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အသက်မွေးရင်း မြို့နယ်တိုင်းမှာ အားကစားရုံဖွင့်ချင်သူတစ်ယောက်၊ အိပ်မက်တွေကို အကောင်အထည်ဖေါ်ရင်း စစ်အုပ်စု၏ မတော်လောဘကြောင့် အကုန်ပျက်စီးသွားရသော ပြည်သူထဲက လူငယ်တစ်ဦး။

သူ့အိပ်မက်တွေအကောင်အထည်ဖော်နေသော်လည်း အာဏာသိမ်းမှုဖြစ်လာသည့်အချိန်တွင် တုံ့ဆိုင်းမနေ။ ရသည့်နည်းဖြင့် ဆန္ဒပြသည်။ သို့သော် စစ်ကောင်စီက အလွတ်မပေး၊

အင်းစိန်ထောင်နန်း စံရတော့သည်။ ထောင်တွင်းနေ့ရက်တွေကို စိတ်အားမငယ်၊ ပညာပင် ရသေးသည်ဟု သူဆိုသည်။ ငါးလကြာ၊ ပြန်လွတ်လာပြီး ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေအတွက် စာအုပ်၊ရိက္ခာ၊ လိုအပ်ရာရာတွေ သူပို့သည်။

ရည်ရှည်ရပ်တည်နိုင်ရန် အလုပ်ပြန်လုပ်သည်။ သို့သော် သူ့အတွက်သေချာသည်ကား စစ်ကောင်စီလက်အောက်တွင် ဘယ်အရာမှ မရှင်နိုင်သည်ကို သူသိထားသည်။ ထောင်မှ လွတ်ပေးသော်လည်း တိတ်တဆိတ် နောက်ယောင်ခံမှုများနှင့် မရေရာသော အာမခံချက်တွေကို ကျောခိုင်းပြီး တတိယနိုင်ငံသို့ ရှောင်ထွက်ခဲ့သည်။

ရရာအလုပ် လုပ်ရင်း ရေကြည်ရာ မြက်နု ရှာတော့မည်ဟု သူဆိုသည်။ တော်လှန်ရေး အစိုးရအပေါ် လျော့တိလျော့ရဲဖြစ်နေသည်ဟုသာ သူထင်သည်။ ပြည်သူ့အစိုးရဖြစ်လင့်ကစား ပြည်သူ့ရင်ခွင်နှင့် ဝေးနေသောကြောင့် ဆိုးနေသော သားတွေ ရှိနေသည်ဟု သူပြောသည်။ ပုံမှန်အခြေအနေမှာ လက်ခံနိုင်စရာရှိသော်လည်း လက်ရှိအချိန်အတွက် တာ၀န်နှင့် အခွင့်အရေးကို နားလည်သင့်ပြီဟု သူမျှဝေခဲ့သည်။ ထိုသူသည် အင်ဂျင်နီယာ Gym နည်းပြ ကိုမင်းသန့်ပင် ဖြစ်ပါသည်။ သူ၏ဘ၀အကြောင်း တစေ့တစောင်းကို

တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည်တွင် လေ့လာနားဆင်နိုင်ပြီဖြစ်ပါသည်။

Podden och tillhörande omslagsbild på den här sidan tillhör Insight Myanmar. Innehållet i podden är skapat av Insight Myanmar och inte av, eller tillsammans med, Poddtoppen.