Avsnitt Episode #29: ဒီတက်နဲ့မရရင် ဟိုတက်နဲ့လှော် Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) Spela Dela
ကိုကျော်၊ အင်ဂျင်နီယာ၊ သိပ်သဘောကောင်း၊ လူချစ်လူခင်ပေါတဲ့သူ။ အာဏာစသိမ်းပါပြီဆိုကတည်းက ဆန္ဒပြသူ။ အစောဆုံးစစ်သင်တန်းတက်သူ။ နွေဦးတော်လှန်ရေးကို ကျရာနေရာကနေ သူထမ်းသည်။ ကျတော် မထင်ထားသည်ကိုပင် သူလုပ်သည်။ နောက်ဆုံး အဆင်မပြေဖြစ်သည့်ကြားမှ ရသမျှရှေ့ဆက်ရင်း နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရသည်။ သို့သော် သူရသမျှ အိမ်နှင့်အတိုက်အခံလုပ်ကာ ရှေ့သို့ပို့သည်။ ရှာသမျှ မလောက်၊ စိတ်၀င်တစား မေးမိသည်။ သူ့အဖြေကား မိမိအနာဂါတ်အပါအ၀င် အနာဂါတ်ပေါင်း များစွာအတွက် ရင်းနှီးမြုပ်နှံမှုလုပ်သည်ဟု ဆိုသည်။ ဆီရဆီ၊ဆန်ရဆန်၊ ရသမျှ အကုန်ပို့ပေးသည်။ လက်တွဲဖော်ကောင်းနှင့်လည်း ဆုံ၍ စိတ်တူကိုယ်တူ အပြိုင်အဆိုင် ပံ့ပိုးကူညီကြသည်။ သူထင်မထားတာ တခုရှိသည်ဟု ၀န်ခံသည်။ ဘ၀ရင်း အသက်ရင်းသော သူတွေများခဲ့သလောက် ကျောင်းတွေ တက္ကသိုလ်တွေ အလုအယက် တက်ကြသူတွေလည်း များသည်။ လူငယ်တွေ အဲ့လောက် နှလုံးသားနှင့် ဦးနှောက် သိမ်ဖျင်းမည်ဟု သူမထင်ခဲ့ဟု ဆိုသည်။ ဘာတွေဘယ်လိုပင် ဖြစ်ပါစေ အားနဲ့မာန်နဲ့ ရှေ့ဆက်နေကြသော ကိုကျော်လို အဖိုးတန်ပြည်သူများက နွေဦးတော်လှန်ရေးကို ဖော်ဆောင်နေကြောင်း ယခု podcast မှာ နားဆင်နိုင်ပြီဖြစ်ပါတယ်။ Rss Apple Podcaster →