Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

Dela

တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် ဆိုသော ခေါင်းစဉ်တခုနှင့်ပင် ဖတ်ရှုလေ့လာသူများနှင့် podcast နားထောင်သူများ ကျနော်တို့၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းသဘောပေါက်နားလည်မည် ထင်ပါသည်။ မြန်မာနိုင်ငံတွင် ဘာသာတရား၏ လွမ်းမိုးမှု၊ ဘာသာရေးခေါင်းဆောင်များ၏ ချုပ်ကိုင်မှုနှင့် ရှေးရိုးစွဲအစဉ်အလာများစွာ၊ လူမျိုးစုများစွာ၏ ကွဲပြားခြားနားမှုများ၊ ပြည်တွင်းစစ်မျာ...

Visa mer

တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် ဆိုသော ခေါင်းစဉ်တခုနှင့်ပင် ဖတ်ရှုလေ့လာသူများနှင့် podcast နားထောင်သူများ ကျနော်တို့၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းသဘောပေါက်နားလည်မည် ထင်ပါသည်။ မြန်မာနိုင်ငံတွင် ဘာသာတရား၏ လွမ်းမိုးမှု၊ ဘာသာရေးခေါင်းဆောင်များ၏ ချုပ်ကိုင်မှုနှင့် ရှေးရိုးစွဲအစဉ်အလာများစွာ၊ လူမျိုးစုများစွာ၏ ကွဲပြားခြားနားမှုများ၊ ပြည်တွင်းစစ်များ၊ ဘာသာရေးပြဿနာများဖြင့် ပြည့်နှက်နေသည်မှာ နှစ်အတော်ပင် ကြာခဲ့ပြီဖြစ်ပါသည်။ အဖက်ဖက်က တိုးတက်သောနိုင်ငံတခုဖြစ်ဖို့ ပြုပြင်ပြောင်းလဲဖို့ရာ များစွာကို ခွဲခြမ်းရလျှင် အချို့ကို ညှိနှိုင်း၍ရသည်၊ အချို့က တော်လှန်ရသည်၊ အချို့က ဆွေးနွေးလက်ခံရသည် အစရှိသဖြင့် များစွာသော တော်လှန်ခြင်းအမျိုးမျိုးနှင့် ခေတ်သစ်မြန်မာပြည်ပင် ဖြစ်ပါသည်။ ထိုသို့ကွဲပြားသော အမြင်အမျိုးမျိုးကို စုပေါင်း၍ အဖြေရှာပြီး အေးချမ်းခေတ်မီသော မြန်မာနိုင်ငံတည်ဆောက်ရာလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ဤတော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast ကို ဖန်တီးလိုက်ရပါကြောင်း ထပ်လောင်းအသိပေးလိုက်ရပါသည်။

Podden och tillhörande omslagsbild på den här sidan tillhör Insight Myanmar. Innehållet i podden är skapat av Insight Myanmar och inte av, eller tillsammans med, Poddtoppen.