The Institute for Strategy and Policy – Myanmar
Avsnitt

ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း (ISP နှင့်အတူ မိနစ် ၃၀ - အမှတ်စဉ် ၁၂)

Dela

“စစ်ဆင်ရေး ၁၀၂၇” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ နယ်မြေသစ်တွေကို ထိန်းချုပ်လာနိုင်ပေမဲ့ ဒေသခံပြည်သူတွေကတော့ “ပဋိပက္ခစီးပွားရေး (Conflict Economy)” ရဲ့ ဆိုးကျိုးတွေကို အလူးအလဲ ခံစားနေကြရပါတယ်။ တရားမဝင် သယံဇာတတူးဖော်မှု၊ မူးယစ်ဆေး၊ ရွှေ့ပြောင်းလာတဲ့ ‘ကျားဖြန့်’ ငွေလိမ်ဂိုဏ်းတွေက ပြည်တွင်းစစ်မီးကို လောင်စာကျွေးနေရုံသာမက သဘာဝပတ်ဝန်းကျင်နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ကြန်အင်လက္ခဏာတွေကိုပါ ဝါးမျိုဖျက်ဆီးနေပါတယ်။
ဒီလိုဆိုးရွားတဲ့ လူမှုကပ်ဘေး၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီး အသံမဲ့နေရတဲ့ အခြေအနေအောက်မှာ ပြည်သူတွေဟာ ရှင်သန်နိုင်ရေးအတွက် နေရပ်စွန့်ခွာရတာ၊ ဒါမှမဟုတ် မလွှဲမရှောင်သာ တရားမဝင်လုပ်ငန်းတွေထဲ ဝင်ရောက်ပြီး ကြိတ်မှိတ်နေထိုင် လာကြရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို အခုအခါမှာ Podcast အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်လို့ ရှမ်းမြောက်ဒေသခံတွေ မြေပြင်အကျပ်အတည်းကို  “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။

Podden och tillhörande omslagsbild på den här sidan tillhör ISP-Myanmar. Innehållet i podden är skapat av ISP-Myanmar och inte av, eller tillsammans med, Poddtoppen.